ပြည်သူ (၁၀,၀၀၀) သည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပုန်းခိုရာနေရာများသို့ စစ်ရှောင်ထွက်ပြေးနေရခြင်း။
သထုံခရိုင်၊ ကရင်ပြည်နယ်၊ မြန်မာပြည်။
မေလ (၁၈)ရက် ၊ ၂၀၂၂ ခုနှစ် ။
ကျွန်ုပ်တို့သည် အကွေ့အကောက်များလှသည့်လှိုဏ်ဂူလိုဏ်ခေါင်းတွေထဲတွင် ခန္ဓာကိုယ် ကိုင်းညွန့်ကာလမ်းလျှောက်ခဲ့ရပြီး၊ တခါတရံတွင် တွားသွားရခြင်းမျိုးတွေ ရှိခဲ့ပါသည်။ ရုတ်တရက် ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် လှုပ်ရှားမှုသေးသေးလေးတစ်ခုကို မထင်မရှား တွေ့လိုက်ရပြီး၊ ထိုလှိုဏ်ခေါင်းသေးထဲတွင်ကောင်လေး ၄ ယောက် ရှိနေခဲ့ပါသည်။ သူတို့တွေသည် လက်ရှိပုန်းခိုသည့် နေရာမှာပင် ထပ်ပြီး ပုန်းခိုနေကြရပါသည်။ ယခုလို ပုန်းခိုရခြင်းသည် မြန်မာစစ်တပ်၏ကုန်းကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများကို ကြောက်ကြသည့် အတွက် ဖြစ်ပါသည်။ ကရင်ပြည်နယ်အလယ်ပိုင်းရှိ သထုံ-ဘီလင်းဒေသသည် ပြည်သူ တစ်သောင်းကျော်မိမိတို့နေအိမ်များမှ မြန်မာစစ်တပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နေရာဖြစ်ပါသည်။ ထိုပြည်သူ တစ်သောင်းကျော်အား ဆေးဝါးနဲ့ ရိက္ခာများထောက်ပံ့ရန်အတွက် ကျွန်ုပ်တို့အဖွဲ့သားတွေ ရောက်ရှိနေကြပါသည်။ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း အဆိုးဆုံးတွေ့ကြုံနေရသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူလူထုပေါင်း တစ်သန်းကျော် အတွက် ဆုတောင်း မေတ္တာပို့သပေး သည့်အတွက်လည်း ကျေးဇူးတင်ပါသည်။