ရိန်းဂျားတစ်ဦးရွာသားများအား ကာကွယ်ရန်ကြိုးပန်းနေစဥ် အသက်ဆုံးရှုံးခဲ့ရ
မေလ၂၁၊ ၂၀၂၃
ကရင်ပြည်နယ်၊ မြန်မာပြည်
ချစ်ခင်ရပါသော မိတ်ဆွေများနှင့် မိသားစုများခင်ဗျာ
မေလ၂၁၊၂၀၂၃ တွင်
ကရင်ပြည်နယ်၊ သထုံခရိုင်တွင် ရွာသားများအား ကာကွယ်ရန် ကြိုးပန်းနေစဉ် ကျွန်တော်တို့၏ ရိန်းဂျားတစ်ဦးဖြစ်သော စောထရောရှား အသက်ဆုံးရှုံးခဲ့ရကြောင်း ဝမ်းနည်းစွာအစီရင်ခံပါသည်။ သူ၏အသက်သည် 30နှစ် သာရှိပါသေးသည်။
စောထရောရှားသည် ၂၀၁၅ ခုနှစ်တွင် FBR သို့ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ (၈) နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ကယ်ဆယ်ရေးအဖွဲ့တွင် စိတ်အားထက်သန်မှု နှင့် ကျွမ်းကျင်မှုရှိ၍ အလုပ်ကြိုးစားလုပ်သည့် ရိန်းဂျားတစ်ဦးအဖြစ် လူသိများခဲ့သည်။ သူ၏လူမျိုးအား ကူညီရန်နှင့် FBR အတွက်အမှုထမ်းဆောင်ရန် သထုံခရိုင်ကို ပြန်သွားခဲ့သည်။ ထိုနေရာတွင် သူသည် အရည်အချင်းပြည့်မီသော ကယ်ဆယ်ရေးပေးသူနှင့် လုံခြုံရေးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့သည်။ သူသည် ဖိအားအမျိုးမျိုးနှင့်ကြုံစဥ်တွင်တည်ငြိမ်မှုရှိပြီး ပစ်ခတ်မှုများကြား၌တွင် ရဲရင့်သတ္တိရှိခဲ့သည်။ သူသည် စစ်ကောင်စီ၏ M79 လောင်ချာမှ ၄၀ မမ လက်ပစ်ဗုံးဖြင့် ထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသည်။ သူ၏ လုပ်ဆောင်မှုအားဖြင့် စစ်ကောင်စီ၏ အရှိန်အဟုန်ကို နှေးကွေးစေသော်လည်း ထိုသို့လုပ်ဆောင်ခြင်းဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်ရစ်သောသူ၏မိသားစုအား ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပါမည်။ ဤသတင်းသည် သတင်းကောင်းမဟုတ်သော်ညားလည်း ကျွန်တော်တို့၏ဆုံးရှုံးမှုများကို သင်နှင့်မျှဝေပေးနိုင်သည့်အတွက် ကျေးဇူးတင်ပါသည်။
စောထရောရှား၊ သူ၏မိသားစုနှင့် ဤနေရာမှလူများအား ဂရုစိုက်ပေး သည့်အတွက် ကျေးဇူးတင်ရှိပါသည်။
ကျေးဇူးတင်လျှက်
ဘုရားသခင် ကောင်းချီးပေးပါစေ။
Free Burma Rangers